ယခင် သတင်းများ

အာဆီယံအစည်းအဝေး ပူးတွဲကြေညာချက် မထုတ်နိုင်

မီဒီယာ

အသံ
TEXT SIZE - +
ဗွီအိုအေ(မြန်မာဌာန)

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ကျင်းပတဲ့ အာဆီယံအဖွဲ့ကြီးရဲ့ အဖွဲ့ဝင် ၁၀ နိုင်ငံက နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ အစည်းအဝေးဟာ ပြီးဆုံးသွားပါပြီ။

တောင်တရုတ်ပင်လယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ ရေပိုင်နယ်နမိတ် အငြင်းပွားနေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး လိုက်နာရမယ့် ကျင့်ထုံးသတ်မှတ်ချက်အတွက် သဘောတူညီမှုတစုံတရာမရရှိဘဲ အစည်းအဝေးကို အဆုံးသတ်သွားတာ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ ပူးတွဲကြေညာချက် တစုံတရာထုတ်ပြန်နိုင်ခြင်းမရှိတဲ့အပေါ် ဖိလစ်ပိုင်နိုင်ငံက မကျေမနပ်ဖြစ်ခဲ့တဲ့အတွက် သောကြာနေ့ ဆွေးနွေးမှုအဆုံးသပ်ချိန်မှာ တော်တော်လေး ဖရိုဖရဲ ဖြစ်ခဲ့ရပါတယ်။

သယံဇာတပေါများတဲ့ ပင်လယ်ရေပြင် နယ်နိမိတ်တော်တော်များများကို တရုတ်နိုင်ငံက သူ့ရဲ့ အချုပ်အခြာ`ပိုင် နယ်နိမိတ် အတွင်းမှာရှိတယ်လို့ ပြောဆိုနေတာပါ။ ဖိလစ်ပိုင် ဘရူနိုင်း၊ မလေးရှား၊ ဗီယက်နမ်နဲ့ ထိုင်ဝမ်တို့ကလည်း သူတို့ပိုင်ဆိုင်ကြောင်း ပြောကြပါတယ်။

တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားနေတဲ့ နယ်မြေကိစ္စကို ဆွေးနွေးပြောဆိုမှု မလုပ်နိုင်အောင် အစည်းဝေး လက်ခံကျင်းပတဲ့ အိမ်ရှင်နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံအပေါ် တရုတ်က သြဇာအရှိန်အ၀ါ အသုံးပြုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေပါတယ်။

ဒီနယ်မြေ အငြင်းပွားနေမှုကို အာဆီယံအဖွဲ့ကြီးအနေနဲ့ ၀င်ရောက်မစွက်ဖက်သင့်ဘူးလို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ဟော် နမ်ဟုမ်း (Hor Namhong) က ပြောဆိုခဲ့ပါတယ် ခင်ဗျား။

This forum has been closed.
Comments
     
There are no comments in this forum. Be first and add one

အပတ်စဉ် တီဗွီမဂ္ဂဇင်း

Loading
๑๒:๐๐:๐๐ / -:--:--
နောက်ဆုံးရ တပတ်အတွင်း မြန်မာနဲ့ နိုင်ငံတကာသတင်းများ၊ လယ်သမားများ မြေယာသိမ်းခံရခြင်းနဲ့ ပတ်သက်၍ ၈၈ မျိုးဆက်အဖွဲ့ဝင် ကိုထွန်းမြင့်အောင်နဲ့ တွေ့ဆုံမေးမြန်းခန်း နဲ့ နိုင်ငံတကာ ထင်ပေါ်ကျော်ကြားသူများအကြောင်း သက်တန့်ရောင်သတင်လွှာ ...         

ကမ္ဘာ့သတင်း စက္ကန့် ၆၀

Loading
๑๒:๐๐:๐๐ / -:--:--